ဈေးနှုန်း
AI Sales System တစ်ခုလုံးအတွက် လစဉ်ကြေး။ အနည်းဆုံး ၃ လ — Set-up ကြေး မရှိပါ၊ ကျွန်တော်တို့ ဝန်ထမ်းက ၁ နာရီ လိုက်လုပ်ပေးပါတယ်။
AI စာပြန်တာကလွဲလို့ ကျန်တာ အကုန် အကန့်အသတ် မရှိပါ
ဝန်ထမ်း ဘယ်နှစ်ယောက်၊ ကုန်ပစ္စည်း ဘယ်နှစ်မျိုး၊ အော်ဒါ ဘယ်နှစ်ခု ဆိုတာနဲ့ ကျွန်တော်တို့ ငွေ မယူပါ — အဲဒါတွေက ကျွန်တော်တို့ကို ဘာမှ မကုန်လို့ပါ။
- ဝန်ထမ်း account — ဘယ်နှစ်ယောက်မဆို
- ကုန်ပစ္စည်း · အရွယ်အစားခွဲ · လက်ကျန် · ကိုယ်ပိုင်ကော်လံ
- အော်ဒါ · ဖောက်သည် · Lead
- Agent သိထားရမယ့် အချက်အလက်
- အမြတ် · ROI · အစီရင်ခံစာ · Excel ထုတ်ခြင်း
- ဆိုင်လင့်ကနေ ဝင်တဲ့ အော်ဒါ
ဝယ်သူ 50 ယောက်/ရက် ဝင်တဲ့ ဆိုင်အထိ အဆင်ပြေပါတယ်
စာပြန် 7,500 ကြိမ်/လ ပါဝင်သည် · Page / Channel 1 ခု
ဒီ plan နဲ့ စမယ်ဝယ်သူ 120 ယောက်/ရက် ဝင်တဲ့ ဆိုင်အထိ အဆင်ပြေပါတယ်
စာပြန် 18,000 ကြိမ်/လ ပါဝင်သည် · Page / Channel 3 ခု
ဒီ plan နဲ့ စမယ်ဝယ်သူ 250 ယောက်/ရက် ဝင်တဲ့ ဆိုင်အထိ အဆင်ပြေပါတယ်
စာပြန် 37,500 ကြိမ်/လ ပါဝင်သည် · Page / Channel 10 ခု
ဒီ plan နဲ့ စမယ်စာပြန် ဘယ်လို ရေတွက်လဲ
Agent က customer ကို စာပြန်တိုင်း ၁ ကြိမ် ရေတွက်ပါတယ် — စာ ရှည်ရှည် တိုတို အတူတူပါ။
လစဉ်ကြေး ပေးရင် စာပြန်ခွင့် ဘယ်နှစ်ကြိမ် ရမယ် ဆိုတာ ကြိုသိပါတယ်။ Agent က customer ကို စာ တစ်ကြိမ် ပြန်တိုင်း ၁ ကြိမ် ကုန်ပါတယ်။ လကုန်ခင် ကုန်သွားရင် ထပ်ဖြည့်လို့ရပြီး ကျန်ရင် နောက်လ ဆက်သုံးလို့ရပါတယ်။
စာပြန်ခွင့် ကုန်သွားလည်း သင့်ဆိုင် အသံ မတိတ်ပါ
တစ်ရက်စာ ကုန်သွားရင်တောင် ဝယ်သူအသစ်ရဲ့ ပထမဆုံးစာကို Agent က ဖြေပြီး သင့်ဝန်ထမ်းဆီ လွှဲပေးပါတယ်။ တိတ်ဆိတ်သွားတာ ဘယ်တော့မှ မရှိပါ။
Set-up အခမဲ့ — ၃ လ ကြိုပေးတဲ့အခါ
ပါဝင်ပြီးသား- ကျွန်တော်တို့ ဝန်ထမ်းနဲ့ ၁ နာရီ — screen share နဲ့ အတူတူ တည်ဆောက်
- Account ဖွင့်ပေးခြင်း၊ system တည်ဆောက်ပေးခြင်း
- Facebook Page ချိတ်ပေးခြင်း
- ကုန်ပစ္စည်း Excel တင်ပေးခြင်းနဲ့ Agent ပထမဆုံး သင်ပေးခြင်း
ကုန်ပစ္စည်း ရာချီပြီး တစ်နာရီထက် ပိုကြာမယ့် အလုပ်ဆိုရင် — ပမာဏအလိုက် service fee သီးသန့် ဆွေးနွေး သတ်မှတ်ပါတယ်။
အခမဲ့ စမ်းသုံးခွင့်
0 ကျပ်စာပြန် ၃၀၀ ကြိမ် အခမဲ့။ ကိုယ့် Facebook Page ၁ ခု ချိတ်ပြီး တကယ့်ဝယ်သူတွေကို Agent ဖြေတာ ကိုယ်တိုင် ကြည့်လို့ရပါတယ်။ ပေးရမှာ ဘာမှ မရှိပါ။
အခမဲ့ စမ်းမယ်စာပြန်ခွင့် ထပ်ဖြည့်
လကုန်ခင် စာပြန်ခွင့် ကုန်သွားရင် ဖြည့်လို့ရပါတယ်။ ဖြည့်ထားတာ ကျန်ရင် နောက်လ ဆက်သုံးလို့ရပါတယ်။
ဘာကြောင့် ၃ လလဲ
တစ်လနဲ့ Agent ကောင်းမကောင်း မသိနိုင်ပါ — ကုန်ပစ္စည်းစာရင်း ဝင်၊ Agent သင်၊ ဝယ်သူတွေ အကျင့်ရ — ဒါတွေက ၃ လ လိုပါတယ်။ ဒါကြောင့် Set-up ကြေး မယူဘဲ ၃ လ တစ်ခါတည်း ယူပါတယ်။
ဝန်ထမ်းတစ်ယောက် ငှားတာနဲ့ ယှဉ်ကြည့်ပါ
Magga က software နဲ့ ယှဉ်ရမှာ မဟုတ်ပါ။ Messenger ဖြေဖို့ လူငှားရတာနဲ့ ယှဉ်ပါ။
- အလုပ်ချိန် ၈ နာရီသာ — ညဘက် customer ကို မနက်မှ ဖြေ
- နားရက်၊ ခွင့်ရက်၊ ဖုန်းကြည့်နေချိန်
- ဈေးမှားပြော၊ order ကျန်ခဲ့တာ ရှိတတ်
- ထွက်သွားရင် အစကနေ ပြန်သင်ရ
- ည ၂ နာရီမှာလည်း ချက်ချင်း ဖြေ — နားရက် မရှိ
- ဈေးနှုန်း၊ လက်ကျန်ကို စာရင်းထဲ ကြည့်ပြီးမှ ဖြေ
- Order ကို အလိုအလျောက် ရေးပေး
- တစ်ခါ သင်ထားရင် အမြဲ မှတ်မိ
ဝန်ထမ်း မလိုတော့ဘူးလို့ မပြောပါ။ ဝန်ထမ်းက ခက်တဲ့ စကားပြောနဲ့ ထုပ်ပိုးပို့ဆောင်တာကို လုပ်ပြီး Agent က ထပ်ခါထပ်ခါ မေးတဲ့ မေးခွန်းတွေကို ဖြေပါတယ်။
သိထားသင့်တာ
လစဉ်ကြေး ပေးနေသရွေ့ စာပြန်ခွင့် မပျက်ပါ
ဒီလ မကုန်တဲ့ စာပြန်ခွင့်ကို နောက်လ ဆက်သုံးလို့ရပါတယ်။ လကုန်လို့ ပျောက်မသွားပါ။
လစဉ်ကြေး ရပ်ရင် ၂ လ သိမ်းထားပေးပါတယ်
ရက် ၇ ရက် ဆက်အလုပ်လုပ်ပြီး ရပ်ပါတယ်။ ကျန်တဲ့ စာပြန်ခွင့်ကို ၂ လ သိမ်းထားပေးပြီး အဲဒီအတွင်း ပြန်စရင် အတိုင်း ပြန်ရပါတယ်။ ၂ လ ကျော်ရင် ပျက်ပြီး အသစ် ပြန်ဝယ်ရပါတယ်။
အနည်းဆုံး ၃ လ
၃ လ တစ်ခါ ကြိုပေးရပါတယ်။ အဲဒီအစား Set-up ကြေး မယူပါ — ကျွန်တော်တို့ ဝန်ထမ်းက ၁ နာရီ လိုက်လုပ်ပေးပါတယ်။ ၃ လ ပြည့်ရင် ဆက်မဆက် သင် ဆုံးဖြတ်ပါ။
ပထမ ရက် ၃၀ အတွင်း အဆင်မပြေရင်
ငွေ ပြန်မအမ်းပေမဲ့ ကျန်တဲ့လတွေကို စာပြန်ခွင့်အဖြစ် သိမ်းထားပေးပြီး ပြန်စချင်တဲ့အချိန် ပြန်စလို့ရပါတယ်။
ငွေ ပြန်မအမ်းပါ
လစဉ်ကြေး၊ ထပ်ဖြည့်ခ — ဘယ်ဟာမှ ပြန်မအမ်းပါ။ အဲဒီအစား ရပ်ထားတဲ့ စာပြန်ခွင့်ကို ၂ လ သိမ်းထားပေးပြီး ပြန်စချင်တဲ့အချိန် ပြန်စလို့ရပါတယ်။
ငွေပေးချေမှု
KBZPay · Wave Money · UAB Pay · AYA Pay · ဘဏ်လွှဲ။ ငွေလွှဲပြီး screenshot တင်လိုက်ရင် စာပြန်ခွင့် ဝင်ပါတယ်။
Channel
အခု Facebook Messenger တစ်ခုတည်း ရပါတယ်။ Viber၊ WhatsApp၊ TikTok ကို စီစဉ်နေဆဲပါ — ရမှ ပြောပါမယ်။
ကိုယ့်ဆိုင်အတွက် ဘယ် plan သင့်တော်လဲ မသေချာဘူးလား?
တစ်နေ့ Messenger စာ ဘယ်လောက် ဝင်လဲ ပြောပြရုံနဲ့ တွက်ပြပါမယ်။