ဆိုင်ပိုင်ရှင်က ညဘက် ဖုန်း မကိုင်ရအောင် — Messenger ကနေ အမြတ်အထိ
အောက်က ပုံတွေက ဆိုင်တစ်ဆိုင် တကယ် သုံးနေတဲ့ screen တွေပါ (customer နာမည်၊ ဖုန်း ဖျောက်ထား)။ mock-up မဟုတ်ပါ။
? ည ၁၁ နာရီ "ဒီစာအုပ် ဘယ်လောက်လဲ" ဝင်လာရင် ဘယ်သူ ဖြေမလဲ
ကိုယ့်စာရင်းအတိုင်း၊ မြန်မာလို၊ ၂၄ နာရီ ဖြေတဲ့ Agent
Agent က ဆိုင်ရဲ့ ကုန်ပစ္စည်း၊ ဈေး၊ လက်ကျန်၊ ပို့ခ၊ ဆိုင်စည်းကမ်း ကိုပဲ ကြည့်ပြီး ဖြေပါတယ်။ စာရင်းမှာ မရှိတာ မလုပ်ကြံ — "ဆိုင်ဝန်ထမ်း ပြန်ဖြေပေးပါမယ်" လို့ ပြောပြီး သင့်ဆီ လွှဲပါတယ်။
- ✓ဈေး၊ လက်ကျန်၊ ပို့ခ ကို ကိုယ့်စာရင်းက တိုက်ရိုက်
- ✓Customer ပို့တဲ့ ပုံ၊ ငွေလွှဲ slip ကို ဖတ်တတ်
- ✓ကုန်ပစ္စည်း ပုံကို customer ဆီ ပြန်ပို့
- ✓Zawgyi နဲ့ ရိုက်လည်း နားလည်

? Messenger ထဲမှာ order ၁ ခု ပျောက်သွားရင် ဘယ်သူ သိမလဲ
Order တိုင်း တစ်နေရာတည်းမှာ — Agent ယူတာရော၊ လက်နဲ့ ထည့်တာရော
Customer က ပစ္စည်း၊ အရေအတွက်၊ လိပ်စာ၊ ဖုန်း ပြောပြီးတာနဲ့ Agent က order တင်ပါတယ်။ ဆိုင်က ဒီစာမျက်နှာမှာ အတည်ပြု၊ ပို့ပြီး၊ ရောက်ပြီး လို့ တစ်ဆင့်ချင်း ရွှေ့ရုံ။
- ✓Order code နဲ့ ပို့ရမယ့် လိပ်စာ အပြည့်
- ✓ငွေရပြီ မှတ်ရင် ပြေစာ၊ မရသေးရင် ငွေတောင်းခံလွှာ
- ✓ငွေလွှဲ slip ကို order နဲ့ တွဲမှတ် — တစ်ပိုင်း ပေးလည်း ရ

? Agent ဖြေထားတာ မှားနေရင် ဘယ်အချိန် သိမလဲ
စာဝင်စာထွက် — Agent ဖြေထားတာ အကုန် မြင်ရ၊ လိုရင် ဝင်ဖြေ
Customer စိတ်ဆိုးရင်၊ ငွေလွှဲ slip ပို့ရင်၊ Agent မသိတဲ့ မေးခွန်း ၂ ခါ ဆက်လာရင် — Agent က ရပ်ပြီး သင့်ကို Telegram ကနေ ချက်ချင်း အကြောင်းကြားပါတယ်။ သင် ဝင်ဖြေပြီးရင် Agent ပြန်ဆက်ဖြေပါတယ်။
- ✓ဘယ်စာကို Agent ဖြေ၊ ဘယ်စာကို လူ ဖြေ ဆိုတာ ပြ
- ✓Telegram ကနေ order အသစ်၊ slip၊ လူလိုတဲ့ စာ အကြောင်းကြား
- ✓ဝန်ထမ်း ၃ ယောက်အထိ တူတူ ဝင်ကြည့်လို့ရ

? ကုန်ပစ္စည်း ၂၀၀ ကို တစ်ခုချင်း ထည့်ရမှာလား
Excel တင်ရုံ — ရှိပြီးသား စာရင်းအတိုင်း
ကိုယ့် Excel/CSV ကို အဲဒီအတိုင်း တင်ပါ။ မြန်မာ ခေါင်းစဉ်၊ ဆဲလ်ပေါင်းထားတာ၊ Zawgyi — Magga က ခန့်မှန်း ကိုက်ညှိပေးပြီး preview ပြပါတယ်။ ဝယ်ဈေး ထည့်ထားရင် အမြတ်ကို အလိုအလျောက် တွက်ပါတယ်။
- ✓ဈေး၊ လက်ကျန်၊ ပုံ၊ size/အရောင်
- ✓လက်ကျန် ဝင်လာတာနဲ့ ပြင်တာ ခွဲမှတ် — ဘယ်သူ ဘယ်အချိန်
- ✓ကိုယ့်ဆိုင်အတွက် ကွက်အသစ် ထပ်ထည့်လို့ရ

? ဒီလ တကယ် အမြတ် ဘယ်လောက် ကျန်လဲ
အမြတ် — ကုန်ပစ္စည်းအလိုက်၊ ရောင်းဈေး အနုတ် ဝယ်ဈေး
ရောင်းရငွေ၊ ကုန်ကျစရိတ်၊ အကြမ်း အမြတ်၊ လက်ကျန် တန်ဖိုး — ၇ ရက်၊ ၃၀ ရက်၊ ၉၀ ရက်။ ဘယ်ပစ္စည်းက ရောင်းရပေမယ့် အမြတ် နည်းလဲ ချက်ချင်း မြင်ရ။ Excel ထုတ်လို့ရ။
- ✓ရောင်းချိန်က ဝယ်ဈေးကို မှတ်ထား — နောက်မှ ဈေးပြောင်းလည်း လွန်ခဲ့တဲ့လ မပြောင်း
- ✓ဝယ်ဈေး မထည့်ရသေးတာ ပြောပြ — အမြတ် မှားမတွက်

? Agent က ကိုယ့်အတွက် ဘာ လုပ်ပေးလိုက်လဲ
Dashboard — Agent က ချွေပေးတဲ့ အချိန်နဲ့ ငွေ
ဖြေကြားမှု ဘယ်နှစ်ကြိမ်၊ ဘယ်နှစ်ရာခိုင်နှုန်းက Agent၊ order ဘယ်နှစ်ခု၊ အရောင်း ဘယ်လောက်။ လစဉ်ကြေး တန်လား ဆိုတာ ဒီစာမျက်နှာက ဖြေပါတယ်။
- ✓ယနေ့ · ၇ ရက် · ၃၀ ရက်
- ✓Agent ဖြေချိန် ၃ စက္ကန့် vs လူ ၂၀ စက္ကန့်
- ✓Magga ဆီက သတင်း၊ feature အသစ် ဒီမှာ ကြေညာ

? AI ဆိုတာ ကိုယ်တိုင် ဆောက်ရမှာလား
ပထမ ၁၅ မိနစ် — ရွေးရုံ၊ ရိုက်စရာ သိပ်မလို
ဘာလုပ်ငန်းလဲ ရွေး → ကုန်ပစ္စည်း ၃ ခု ထည့် → customer အမြဲမေးတဲ့ အချက် ၈ ချက်ကို chip နှိပ်ရွေး → customer လို မေးကြည့် → Facebook ချိတ်။ ထည့်သမျှ နောက်မှ ပြင်လို့ရ။
- ✓ဖက်ရှင်၊ အလှကုန်၊ စားသောက်ကုန်၊ သင်တန်း၊ ဆေးခန်း — လုပ်ငန်းအလိုက် ဥပမာ
- ✓Agent မှားဖြေရင် "ဒီလို ဖြေ" လို့ သင်ရုံ
- ✓စစ်ဆေးချက် ၆ ခု အလိုအလျောက် run

? Facebook ချိတ်ရတာ ခက်လား
Facebook Page ချိတ် — Allow တစ်ချက်၊ Telegram ချိတ် — link တစ်ချက်
Page admin ဖြစ်ရင် "Facebook နဲ့ ချိတ်မယ်" နှိပ်၊ Page ရွေး၊ Allow — ပြီးပါပြီ။ Telegram ကို link တစ်ချက် နှိပ်ရုံ ချိတ်ပြီး အကြောင်းကြားချက် စရပါတယ်။ TikTok၊ Instagram၊ Viber — လာနေပါပြီ။
- ✓Facebook Messenger (အခု)
- ✓Telegram အကြောင်းကြားချက် (အခု)
- ✓TikTok · Instagram · Viber · Facebook comment (မကြာမီ)

ကိုယ့်စာရင်း ထည့်ပြီး ကိုယ့် customer လို မေးကြည့်ပါ
၁၅ မိနစ်အတွင်း ကိုယ့်ကုန်ပစ္စည်းအကြောင်း Agent ဖြေတာ မြင်ရပါမယ်။ Facebook မချိတ်ခင် စမ်းလို့ရပါတယ် — ကတ် မလို၊ စာချုပ် မလို။
